ကျွန်ုပ်တို့၏ မျှော်မှန်းချက်

ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီးစနစ်တကျလည်ပတ်လုပ်ကိုင်နိုင်ခြင်း၊ ကတိပြုထားသည့် အရည်အသွေး စံနှုန်းများအတိုင်း ဖြည့်ဆည်းပေးနိုင်ခြင်းများကြောင့် ယုံကြည်ရသည့်မိတ်ဖက်အဖြစ် လူသိများထင်ရှာပြီး ဈေးကွက်တွင် အခိုင်အမာရပ်တည်ရန်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏တန်ဖိုးများ  

  • ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးကိုဦးစားပေးပါသည်။ အကျိုးအမြတ်အတွက် အင်ဂျင်နီယာဆိုင်ရာ စံနှုန်းများနှင့် အရည်အသွေးစံချိန်စံညွှန်းများကိုချိုးဖောက်ခြင်းများ မည်သို့သောအချိန်မျိုးတွင်မှမပြုလုပ်ပါ။
  • ကျွန်ုပ်တို့နှင့်လက်တွဲလုပ်ကိုင်သူများကြားတွင် ပွင့်လင်းမြင်သာမှု ၊ တာဝန်ခံမှုများဖြင့် လုပ်ဆောင်သည်ကို ကတိပြုပါသည်။
  • ကျွန်ုပ်တို့၏ အမှတ်တံဆိပ်ပုံရိပ်အား စစ်မှန်သည့်ကတိကဝတ် ၊ အမှန်တကယ်ရိုးသားဖြောင့်မတ်မှုနှင့် တုနှိုင်းမမှီသည့် စိတ်အားထက်သန်မှုများဖြင့် တည်ထောင်ထားပါသည်။

ကျွန်ုပ်တို့၏ ကျင့်ဝတ်

  • ကျွန်တော်တို့၏အဖွဲ့အစည်းဆိုင်ရာတန်ဖိုးများကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် ချိုးဖောက်မှုမျိုး မည်သည့်အခါမှ မပြုလုပ်ပါ။
  • ကျွန်တော်တို့အချင်းချင်းကြားနှင့် ကျွန်တော်တို့နှင့်အတူ လက်တွဲလုပ်ကိုင်သူများကြားတွင် ဆက်ဆံရေး တည်ဆောက်သောအခါ စိတ်ရှင်းရှင်းထားပြီး ပွင့်လင်းမြင်သာသည့်လုပ်ထုံးလုပ်နည်းများနှင့် နှစ်ဦးနှစ်ဖက်အကြား လေးစားမှုများဖြင့် တည်ဆောက်ခြင်းကိုကတိပြုပါသည်။
  • ကျွန်တော်တို့၏ လုပ်ဆောင်ချက်များမှာ ကတိကဝတ်၊ ရိုးသားဖြောင့်မတ်မှုနှင့် စိတ်အားထက်သန်မှုများကို အဖွဲ့အစည်းအတွင်းမှာရှိသည့်လူတိုင်းမှ တစ်ဦးချင်းတစ်ယောက်ချင်း ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အရောင်းတိုက်ခန်းများ

မီနီကွန်ဒို-ကြည့်မြင်တိုင်

မီနီကွန်ဒို-ကြည့်မြင်တိုင်

အမှတ်(၅၈၂)၊ ပန်းလှိုင်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ရန်ကုန်မြို့

၁။ အဆောက်အဦး အကျယ်အဝန်း – ၁၅၁ဝ Sq.ft(နှစ်ခန်းပေါင်း)။
၂။ ပြီးစီးမှုအခြေအနေ – ဇူလိုင်လ ၂ဝ၁၇ တွင် အလုံးစုံးပြီးစီးပြီး။
– လူနေထိုင်ခွင့် (B.C.C) ကျပြီး။
– အသင့်နေထိုင်ရန်ပြင်ဆင်ပြီး။
၃။ ရောင်းရန်ကျန်အခန်း – သတ္တမထပ် + Penthouse = (ရှစ်လွှာ+ Penthouse)
လုံးချင်းပုံစံ။
၄။ ပါဝင်မှုများ – Master Bed Room(1) ခန်း၊ Bed Room ( 1) ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ဧည့်ခန်း၊ အိမ်သာရေချိုးခန်း(၁) ခန်း၊ အခန်းဖွဲ့ပြီး၊ ကိုရီးယားပါကေးခင်းပြီး၊ အသင့်နေရာပြင်ဆင်ပြီး၊ လူ(၈)ဦး ဆန့် သည် ဓါတ်လှေကား ပါဝင်သည်။
၅။ ငွေပေးချေမှု – စာချုပ်ချုပ်ပြီးသည့်နေ့မှစ၍ (၈)လအတွင်း အရစ်ကျပေးချေရန်။

မီနီကွန်ဒို - တောင်ဥက္ကလာ

မီနီကွန်ဒို - တောင်ဥက္ကလာ

အမှတ်(၁ဝ၅၄) - ဟီရိလမ်းနှင့် စာဂ(၂၂)လမ်းထောင့်၊ (၄) ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်

၁။ Pile Foundation
၂။ Hall Type (အခန်းဖွဲ့ခြင်းမပါ)၊ အခန်းဖွဲ့ပေးရလျှင် သိန်း ၆၀ ကုန်ကျမည်။
၃။ ကုန်သွယ်ခွန်မပါ။ အဝယ်မှပေးဆောင်ရန်။
၄။ လူ(၈)ဦးဆံံ့ ဓါတ်လှေကားပါ။
၅။ ဓါတ်လှေကားနှင့် ရေမော်တာအတွက် မီးစက်ပါ။
၆။ ခန့်မှန်း စတင်မည့်ရက် – အောက်တိုဘာ ၂ဝ၁၇။
၇။ ကြာချိန် – (၁၂) လ။ အောက်တိုဘာလ ၂ဝ၁၈တွင် အဆောက်အဦး ပြီးမည်။
၈။ စာချုပ်ချုပ်သည့်နေ့မှစ၍ (၁၂)လအတွင်း အရစ်ကျပေးချေရန်။

* အားသာချက် – လမ်းထောင့်မြေကွက်ပေါ်တွင် ခြောက်ထပ်ခွဲ အခန်း(၁၂)ခန်းဖြင့်သာ ဆောက်လုပ်မည်ဖြစ်သဖြင့် ကားရပ်နားရန် ( ၈၀ ရာခိုင်နှှုန်း) အဆင်ပြေပါသည်။

မီနီကွန်ဒို-ရန်ကင်း- တပင်ရွှေထီးလမ်းနှင့် အရိယမဂ္ဂင်လမ်းထောင့်

မီနီကွန်ဒို-ရန်ကင်း- တပင်ရွှေထီးလမ်းနှင့် အရိယမဂ္ဂင်လမ်းထောင့်

တပင်ရွှေထီးလမ်းနှင့် အရိယမဂ္ဂင်လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

၁။ ခြံအကျယ်အဝန်း – ၃၈ ပေ x ၅၅ ပေ
၂။ မျက်နှာစာ – ၁၇ ပေ x အနောက် ၄၅ ပေ။
၃။ ပြီးစီးမှုအခြေအနေ – ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီး ဖြစ်သည်။
၄။ ရောင်းရန်ကျန်အခန်း – မြေညီထပ် ( ခြေရင်းခြမ်း)။
၅။ ပါဝင်မှုများ –
၁၇ ပေ အမြင့်။
Mezzanine Floor ပါပြီး၊ (ထပ်ခိုးအပါ။)
Hall Type။
တိုက်ရှေ့မျက်နှာစာတွင်ကားရပ်ရန် (၂ဝ)ပေ x (၅ဝ) ပေခန့် စည်ပင်မြေအကျန်အား ကွန်ကရစ်လောင်းပေးပါမည်။
၆။ ငွေပေးချေမှု – စာချုပ်ချုပ်ပြီးသည့်နေ့မှစ၍ (၈)လအတွင်း အရစ်ကျပေး ချေရန်။

မီနီကွန်ဒို-ရန်ကင်းမဂ္ဂင်လမ်း

မီနီကွန်ဒို-ရန်ကင်းမဂ္ဂင်လမ်း

အမှတ်(၂)၊ မဂ္ဂင်လမ်း၊ (၁၄) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

၁။ Pile Foundation ဖြင့် ဆောက်လုပ်မည့် ခြောက်ထပ်ခွဲ အဆောက်အဦး။
၂။ အခန်းဖွဲ့ပြီး။
၃။ ကုန်သွယ်ခွန်မပါ။ အဝယ်မှ ပေးဆောင်ရန်။
၄။ လူရှစ်ဦး ဆံံ့ ဓါတ်လှေကားပါ။
၅။ စာချုပ်ချုပ်သည့်နေ့မှစ၍ (၁၂)လ အတွင်းအရစ်ကျပေးချေရန်။
၆။ နိုဝင်ဘာ ၂ဝ၁၇ တွင် အဆောက်အဦ စတင်လုပ်ကိုင်မည်။
၇။ နိုဝင်သာ ၂ဝ၁၈ တွင် အဆောက်အဦး ပြီးမည်။

*အားသာချက် – လမ်းအကျယ် ပေ (၆ဝ) x ပေ (၄ဝ) လမ်းထောင့်ရှိ မြေကွက်ပေါ်တွင် ခြောက်ထပ်ခွဲ (တစ်ခြမ်းတည်း) အခန်း (၇) ခန်းဖြင့် သာ ဆောက်လုပ်မည်ဖြစ်သဖြင့် ကားရပ်နားရန် (၁ဝဝ ရာခိုင်နှုန်း) အဆင်ပြေပါသည်။

ကျွန်ုပ်တို့၏ ဆောက်လုပ်ရေးဆိုင်ရာဝန်ဆောင်မှုများ

ဆက်သွယ်ရန်

တိုက်(B4)၊ အခန်း ၁၀၁၊ ပန်းလှိုင်လမ်း၊ ရွှေဂုံသူ ကွန်ဒို၊ ကြည့်မြင်တိုင် မြို့နယ်၊ ရန်ကုန်

ဆက်သွယ်ရန်