ကျွန်တော်တို့၏မြတ်ဆုမွန်ဆောက်လုပ်ရေးသည် မြန်မာနိုင်ငံ၏ အလျှင်အမြန်တိုးတက်လျှက်ရှိသည့် အိမ်ခြံမြေ ကဏ္ဍတွင် အခိုင်အမာနေရာယူရပ်တည်နေသော ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ မြတ်ဆုမွန်ဆိုသည့် အမည်နာမသည် ကျွန်တော်တို့၏ အဓိကအကျဆုံးတန်ဖိုးဖြစ်သော လုပ်ငန်းအပ်နှံသူများအပေါ်တွင် စိတ်စေတနာမွန် ထားရှိမှုကိုဖော်ညွှန်းခြင်းဖြစ်ပါသည်။ မြတ်ဆုမွန်ကုမ္ပဏီကို၂၀၀၅ ခုနှစ်တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် ၁၉၈၈(၂၀၀၅-၂၀၀၆) ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏တိုးတက်ဖွံ့ဖြိုးနေသည့် ဆောက်လုပ်ရေးနယ်ပယ်တွင် ရပ်တည်လုပ်ကိုင်လာခဲ့သည့်  ကာလအတွေ့ အကြုံတစ်လျှောက် မြတ်ဆုမွန်ဆောက်လုပ်ရေးအနေဖြင့် စီမံကိန်းပေါင်း (၁၀၀) ကျော်ခန့်ကို ဆောက်လုပ်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် အဆောက်အအုံ၊ တိုက်ခန်း၊ ရုံးခန်းနှင့် မီနီကွန်ဒိုမီနီယမ်များကို တည်ဆောက်ဖို့ရန်အတွက် အခွင့်အလမ်းများ လည်းရရှိခဲ့ပါသည်။

မြတ်ဆုမွန်ဆောက်လုပ်ရေးသည် ခိုင်မာအားကောင်းသည့် လုပ်ငန်းအနေအထားအား မှတ်ကျောက်တင်ခံ နိုင်ခဲ့သည့် အတွေ့အကြုံများကြောင့် ၁၂ ထပ်အထိရှိသော ကွန်ဒိုမီနီယမ်စီမံကိန်းများအား စီမံခန့်ခွဲရန်ခွင့်ပြုချက်ရရှိခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ဟာ ဘယ်သူတွေဖြစ်ပါသလဲ။

ကျွန်တော်တို့ဝန်ထမ်းများသည်  အလုပ်အပေါ် စိတ်အားထက်သန်မှု၊ ပညာရှင်ပီသမှုနှင့်  လုပ်ငန်းအပ်နှံသူအပေါ် စိတ်စေတနာထားရှိမှု စသည့် စိတ်နှလုံးသားရှိသူများ ဖြင့်အဓိကဖွဲ့စည်းထားပါသည်။ စီမံကိန်းမန်နေဂျာ၊ လုပ်ငန်းခွင်မန်နေဂျာ၊ အထောက်အကူပြုဝန်ထမ်း၊ကျွမ်းကျင်ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

စီမံခန့်ခွဲသူများ

စီမံခန့်ခွဲမှုအဖွဲ့အား ဆောက်လုပ်ရေးနှင့် စီမံခန့်ခွဲမှုနယ်ပယ်တွင်များစွာသောအတွေ့အကြုံများကို ပိုင်ဆိုင်ထားသည့် အဓိကအဖွဲ့ဝင်(၅)ဦးဖြင့်ဖွဲ့စည်းထားပါသည်။ ၎င်းအဖွဲ့ကိုဒါရိုက်တာဘုတ်အဖွဲ့၏ ဥက္ကဌအနေဖြင့် ဦးဘစိန်မှ ဦးဆောင်ပြီး၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအတွက် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ဦးဇာလီဘစိန်မှ ကြီးကြပ်လုပ်ဆောင်ပါသည်။ ကျွန်တော်တို့၏ စီမံခန့်ခွဲမှုအဖွဲ့တွင် အဓိကကျသည့် ဦးဆောင်သူများအဖြစ် ဥပဒေဆိုင်ရာအကြံပေး ဒေါ်ခင်ခင်စန်း၊ လုပ်ငန်းဆောင်ရွက်မှုတိုးတက်ကောင်းမွန်ခြင်းဆိုင်ရာအကြံပေး ဘော့ဘ်သွင်နောင်စိုး ၊ အင်ဂျင်နီယာချုပ်ဦးစန်းညွန့် နှင့် လုပ်ငန်းဆောင်ရွက်ရေးဆိုင်ရာညွှန်ကြားရေးမှူး ဦးထူးဝေမိုးတို့မှလုပ်ကိုင်ဆောင်ရွက်ပါသည်။

ဦးဆောင်သူများအကြောင်း

ဦးဘစိန်

ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဌ

ဦးဘစိန်သည်  ၃၆ နှစ်ကျော် ဝါရင့်လုပ်ငန်းအတွေ့ကြုံရှိသည့် စီမံခန့်ခွဲသူတစ်ဦးဖြစ်ပါသည်။ ဦးဘစိန်သည် ၁၉၇၁ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၏ သစ်တောပညာနှင့် သိပ္ပံဘွဲ့ရရှိခဲ့သူ ဖြစ်ပါသည်။ ထို့အပြင် သူသည် ၁၉၆၅ ခုနှစ်တွင် အစိုးရနည်းပညာသိပ္ပံ၏ အောင်လက်မှတ်ကိုရရှိပြီး ၁၉၉၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စီမံကိန်းလေ့လာဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်း ဆိုင်ရာဒီပလိုမာလက်မှတ်ကိုလည်းရရှိခဲ့ပါသေးသည်။

ဦးဘစိန်အနေဖြင့် ၁၉၇၂ ခုနှစ်၊ မြန်မာ့သစ်လုပ်ငန်းတွင် လက်ထောက်မန်နေဂျာအဖြစ်လုပ်ငန်းစတင် ဝင်ရောက်ပြီး ဝန်ထမ်းဘဝ ၃၆ နှစ်တာကာလအတွင်းတွင် အကြီးတန်းစီမံခန့်ခွဲမှုဆိုင်ရာ ရာထူးအထိတိုးမြှင်ခြင်းခံခဲ့ရပါသည်။ အနားမယူမီ ကာလအတွင်း နောက်ဆုံးထမ်းဆောင်ခဲ့သည့် ရာထူးမှာ ဒုတိယအထွေထွေမန်နေဂျာဖြစ်ပြီး  ချင်းပြည်နယ်၏ သစ်ထုတ် လုပ်မှုလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲခဲ့ပါသည်။ မြတ်ဆုမွန်ဆောက်လုပ်ရေး၏  ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဌအနေနှင့် အရည်အသွေးထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို အကြံပေးခြင်းများကိုအဓိကထားလုပ်ဆောင်ပါသည်။

ဦးဇာလီဘစိန်

အမှုဆောင်အရာရှိချုပ်

မြတ်ဆုမွန်ဆောက်လုပ်ရေး၏ ကနဦးနေ့ရက်များမှစပြီး ဦးဇာလီဘစိန်သည် အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ဦးဇာလီသည် အင်ဂျင်နီယာတစ်ယောက်လည်းဖြစ်ပါသည်။ ရန်ကုန်နည်းပညာတက္ကသိုလ်မှ Mechanical အထူးပြုနှင့် အင်ဂျင်နီယာဘွဲ့ကို ၂၀၀၃ ခုနှစ်တွင် ရရှိခဲ့ပါသည်။

လုပ်ငန်းစတင်သည့်အချိန်ကာလတွင် ကုမ္ပဏီ၌ အင်ဂျင်နီယာ ၊ စတိုကြီးကြပ်သူ၊ စာရင်းကိုင် ၁ ဦးစီတို့ဖြင့်သာ လုပ်ငန်းစတင်လည်ပတ်ခဲ့ပြီး လုပ်ငန်းစတင်သည့်ကာလဖြစ်သည့်အတွက် ဦးဇာလီအနေဖြင့် ကဏ္ဍတော်တော်များ များတွင် ပါဝင်လုပ်ကိုင်ခဲ့ရပါသည်။ ဆောက်လုပ်ရေးနယ်ပယ်တွင် နှစ်အတော်ကြာလုပ်ငန်းလုပ်ကိုင် ပြီးစီးသည့်အချိန်တွင် လုပ်ငန်းနှင့်အဖွဲ့မှာ ဖြစ်ထွန်းတိုးတက်လာပါသည်။ ယခုအချိန်တွင် အမှုဆောင်အရာရှိချုပ်၏ အခန်းကဏ္ဍအရ ဦးဇာလီအနေဖြင့် မဟာဗျူဟာပြင်ဆင်မှုနှင့် ဈေးကွက်ရှာဖွေရေးအပိုင်းကို အဓိကထားလုပ်ဆောင်လျှက်ရှိပါသည်။

ဘော့ဘ်သွင်နောင်စိုး

လုပ်ငန်းဆောင်ရွက်မှုတိုးတက်ကောင်းမွန်ခြင်းဆိုင်ရာအကြံပေး

ဘော့ဘ်ဟုလူသိများသည့် သွင်နောင်စိုးသည် ကျွန်တော်တို့၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှုများနှင့် လူသားအရင်း အမြစ်ဖွံ့ဖြိုးရေးဆိုင်ရာအကြံပေးဖြစ်ပါသည်။ ဘော့ဘ်အနေဖြင့် စင်ကာပူနိုင်ငံတွင်ရှိသည့် နန်ယန်းနည်းပညာတက္ကသိုလ်၏ Smart Product Designs ဆိုင်ရာ မဟာဘွဲ့ကိုရရှိခဲ့ပြီး Mechanical Engineering ဆိုင်ရာဘွဲ့ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်ရှိသည့် နည်းပညာတက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ထို့အပြင် သူသည် Lean Six Sigma Black Belt Professional အဖြစ် အသိအမှတ်ပြုလက်မှတ်ကိုရရှိထားပါသည်။

ဘော့ဘ်သည် ကုန်ထုတ်လုပ်ရေးအင်ဂျင်နီယာလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု၊ သယ်ယူပို့ဆောင်ရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆောင်ရွက်မှု၊ သင်ယူလေ့လာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စသည့်ကဏ္ဍများစွာ တွင် လုပ်ငန်းအတွေ့အကြုံအနေနှင့် ၁၅ နှစ်နီးပါးရှိပြီး သူ့အနေဖြင့် စီမံခန့်ခွဲမှုနှင့်အကြံပေးမှု အခန်းကဏ္ဍများတွင် လုပ်ကိုင်နေလျှက်ရှိပါသည်။

ဦးစန်းညွန့်

အင်ဂျင်နီယာချုပ်

ဦးစန်းညွန့်၏ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အကြီးတန်းမှတ်ပုံတင်အင်ဂျင်နီယာအမှတ်မှာ RSE (Construction)- 0968      ဖြစ်ပါသည်။ သူသည် အစိုးရနည်းပညာသိပ္ပံ၏ A.G.T.I(Civil) အောင်လက်မှတ်ကို အင်းစိန်မှ ၁၉၉၄ ခုနှစ်တွင်ရရှိခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အငယ်တန်းအင်ဂျင်နီယာလိုင်စင်ကို ၁၉၉၈ ခုနှစ်တွင်ရရှိခဲ့ပြီး၊  အကြီးတန်းလိုင်စင်ကို ၂၀၀၄ ခုနှစ်များတွင်ရရှိခဲ့ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် အငယ်တန်းအင်ဂျင်နီယာအဖြစ် ၁၉၉၄ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပြီး သူ၏အစိုးရဝန်ထမ်း ဘဝကို အကြီးတန်းလက်ထောက်အင်ဂျင်နီယာရာထူးဖြင့် ၁၉၉၈ ခုနှစ်မှာအဆုံးသတ်ခဲ့ပါသည်။ ၎င်းအချိန်မှစ၍ ယခုအချိန် ထိသူ့အနေဖြင့် ဆောက်လုပ်ရေးလောကတွင် အလုပ်လုပ်ကိုင်ခဲ့ပါသည်။ သူ့အနေဖြင့် လုပ်ငန်းခွင်အင်ဂျင်နီယာနှင့် စီမံကိန်း အင်ဂျင်နီယာအစရှိသည့် ရာထူးများဖြင့်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါသည်။

သူသည် မြတ်ဆုမွန်ဆောက်လုပ်ရေးတွင် ၂၀၀၈ ခုနှစ်မှာ အတိုင်ပင်ခံအင်ဂျင်နီယာအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှုများကို ကြီးကြပ်ရသည့် အင်ဂျင်နီယာချုပ်အဖြစ်လက်ရှိလုပ် ကိုင်လျက်ရှိပါသည်။

ဦးထူးဝေမိုး

လုပ်ငန်းဆောင်ရွက်ရေးဆိုင်ရာအရာရှိချုပ်

ဦးထူးဝေမိုး၏ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အကြီးတန်းမှတ်ပုံတင်အင်ဂျင်နီယာအမှတ်မှာ RSE (Construction)- 3432      ဖြစ်ပါသည်။ သူ့အနေဖြင့် အစိုးရနည်းပညာသိပ္ပံ၏ အောင်လက်မှတ်ရရှိထားသည့်အပြင် ရူပဗေဒဘာသာရပ် အထူးပြုဖြင့် သိပ္ပံဘွဲ့ကိုလည်း ရရှိထားပါသည်။ သူ၏အစိုးရဝန်ထမ်းဘဝကို သစ်တောဝန်ကြီးဌာနတွင် အငယ်တန်းအင်ဂျင်နီယာအဖြစ် ၂၀၀၅ ခုနှစ်တွင် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး မှတ်ကျောက်တင်နိုင်သည့်စီမံကိန်းမှာ သာဂရ-ကိုးပင် (ရိုးမဖြတ်ကျော်လမ်း) စီမံကိန်းဖြစ်ပါသည်။

သူ့အနေဖြင့် မြတ်ဆုမွန်ဆောက်လုပ်ရေးတွင် ၂၀၀၆ ခုနှစ်မှစ၍ လုပ်ငန်းဆောင်ရွက်ရေးဆိုင်ရာ အင်ဂျင်နီယာအဖြစ် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်တွင် မြတ်ဆုမွန်ဆောက်လုပ်ရေး၏ လုပ်ငန်းဆောင်ရွက်မှု များအတွက် ချမှတ်ထားသည့် အဓိကတန်ဖိုးများနှင့်လုံးဝကိုက်ညီရန် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ရသည့် လုပ်ငန်းဆောင်ရွက်ရေးနှင့် အုပ်ချုပ်မှုဆိုင်အရာရှိချုပ်အနေဖြင့် တာဝန်ထမ်းဆောင်နေပါသည်။

ကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်ရွက်ပုံ

ကျွန်တော်တို့၏ ပညာရှင်ပီသမှုအပိုင်းမှာ အမြင့်မားဆုံးသောတန်ဖိုးများကို သတ်မှတ်ထားပြီး အလုပ်အပ်နှံသူများနှင့် ဆက်ဆံရာတွင်လည်း ရိုးသားဖြောင့်မတ်မှုကိုထိန်းသိမ်းဆောင်ရွက်ပါသည်။ ထို့အပြင် ကျွန်တော်တို့အနေဖြင့် လုပ်ငန်း အကြောင်းရှင်းလင်းတင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကုန်ကျစားရိတ်နှင့် အရည်အသွေးစံချိန်စံညွှန်း များကိုလည်း လုပ်ငန်းမလုပ်ဆောင်မီအချိန်အတွင်း  ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဆောင်ဖို့ အမြဲစိတ်အားထက်သန်စွာ ဖြင့်ဆောင်ရွက်ပါသည်။

လုပ်ငန်းအပ်နှံသူများအားဝန်ဆောင်မှုပေးခြင်း

ကျွန်တော်တို့အားယုံကြည်၍ လုပ်ငန်းအပ်နှံသောသူများ၏ ကျေနပ်အားရမှုရရှိခြင်းသည် ကျွန်တော်တို့၏ရည်မှန်းချက် ဖြစ်ပါသည်။ ကျွန်တော်တို့နှင့် လုပ်ငန်းအပ်နှံသူများကြားတွင် ပွင့်လင်းမြင်သာစွာဆက်ဆံခြင်းနှင့်ယုံကြည်မှု တည်ဆောက် ခြင်းများဖြစ်စေရန်အတွက် စီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအဆင့်တိုင်းကို ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်ထားပြီး ပြန်လည်ဝေမျှပေးပါသည်။ လူကြီးမင်းတို့၏လိုအပ်ချက်အပေါ် ကျွန်တော်တို့၏ နားလည်မှုကို တိုးတက်နိုင်စေရန်အတွက်  ပြန်လည်ဆွေးနွေးမှုများအချိန်မှန်ပြုလုပ်ခြင်း၊ လူကြီးမင်းတို့၏ အကြံပေးချက်များကို အမြဲနားဆင်ခြင်းများ ဖြင့်ဝန်ဆောင်မှုများပြုလုပ်ပေးပါသည် ။ လူကြီးမင်းရဲ့အသံကိုနားဆင်ဖို့ ကျွန်တော်တို့အမြဲရှိပါသည်။

စီမံကိန်းမှတ်တမ်း

    လူနေအိမ်၊ ရုံးခန်းများ၊ အသေးစား ကွန်ဒိုကဲ့သို့သော အဆောက်အအုံ ၁၀၀ကျော်ကို ဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။

အရည်အသွေးပြည့်မီရေး

အရည်အသွေးဆိုသည်မှာ ကျွန်တော်တို့၏အမြဲပထမဦးစားပေးအစီအစဉ်ဖြစ်ပါသည်။ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် တိကျသေချာစေသည့်စနစ်နှင့်အရည်အသွေးပြည့်မီစေရန်အတွက် အကောင်းဆုံးသော လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အရည်အသွေးပြည့်မီရေးဆိုင်ရာ သီးခြားအဖွဲ့ ဖွဲ့စည်းထား ပါသည်။ အရည်အသွေးပြည့်မီခြင်းသည် ကျွန်တော်တို့၏အားသာချက်တစ်ခုဖြစ်ပြီး ကျွန်တော်တို့နှင့် အလုပ်အပ်နှံသူများ ကြားအကောင်းဆုံးများကိုသာ ဆောင်ကျဉ်းပေးနိုင်စေရန်အတွက် အဓိကတန်ဖိုးတစ်ခုအဖြစ် သက်ဝင်ယုံကြည်ထားခြင်းဖြစ် သည့်အတွက် အင်ဂျင်နီယာစံချိန်စံညွှန်းနှင့် ဆောက်လုပ်ရေးပစ္စည်းများ၏ အရည်အသွေးအပေါ် ချိုးဖောက်မှုမျိုးမပြုလုပ်ရန် ကတိပြုအပ်ပါသည်။

 

အမှုဆောင်အရာရှိချုပ်ရဲ့ဥယျောဇဉ်

သာမာန်လူတစ်ဦးအတွက် အိမ်အသစ်ဝယ်ယူခြင်း၊ အိမ်အသစ်ဆောက်လုပ်ခြင်းဆိုသည်မှာ မကြာခဏကြုံတွေ့နေရ သည့်ကိစ္စမျိုးမဟုတ်ပါ။ လူအများအတွက်ဘဝတွင် တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်ခန့်လောက်သာ ကြုံတွေ့ရမည့် ကိစ္စရပ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းအပ်နှံသူများ၊ အိမ်ခန်းဝယ်ယူသူများ အပေါ်တွင်ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ရိုးသားဖြောင့်မတ်မှုရှိခြင်းကို အမှန်တကယ်အရေးကြီးလိုအပ်သည်ဟုထင်မြင်ခံ ယူမိပါသည်။

အိမ်ပုံစံထုတ်သည့်အချိန်မှစ၍ တည်ဆောက်ပြီးစီးသည့် အချိန်အထိပါဝင်သည့် ဆောက်လုပ်ရေးလုပ်ငန်းဖြစ်စဉ် များသည် သာမန်လူများအတွက် နားလည်ရန်ခက်ခဲသည့်အတွက် အလေးအနက်ထား ရှင်းလင်းတင်ပြခြင်းသည် ကျွန်တော် တို့၏ပထမဦးဆုံးသော ရိုးသားဖြောင့်မတ်မှုဖြစ်သည်ဟုခံယူထားပါသည်။

မြန်မာလူမျိုးများသည် နေအိမ်တစ်လုံးတည်ဆောက်ပြီးစီးသည်နှင့် တစ်သက်တာ စွဲစွဲမြဲမြဲအခြေချနေထိုင်ကြသလို သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေပေးတတ်ကြသည့်အလေ့အထလည်းရှိကြပါသည်။ ထို့ကြောင့်ကျွန်တော်တို့ အနေနှင့် အရည်အသွေးပြည့်မီကောင်းမွန်သည့် အိုးအိမ်များကို တည်ဆောက်ပေးနိုင်ခြင်းဖြင့် အရည်အသွေးကို ရှေ့တန်းတင်သည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ဖို့ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ ဆောက်လုပ်သည့် အိုးအိမ်အဆောက်အအုံမှန်သမျှအား ကတိပြုတန်ဖိုးထားသည့်စံနှုန်းများနှင့် ကိုက်ညီမှန်ကန်စွာ ဆောက်လုပ်ခြင်းသည် ကျွန်တော်တို့ မြတ်ဆုမွန်ဆောက်လုပ်ရေး၏ ဂုဏ်သိက္ခာဖြစ်သည်ဟုယုံကြည်ထားပါသည်။

     ကျွန်တော်တို့၏အဖွဲ့အစည်း ဖွဲ့စည်းပုံသည် ဝင့်ကြွားထည်ဝါမှုထက် သိပ်သည်းကျစ်လစ်ပြီး စွမ်းအင်မြင့်မားသော အဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်နိုင်စေရန် ဦးတည်ထားခြင်းဖြစ်သည်ကိုတွေ့ရှိရမည်ဖြစ်ပါသည်။ ကျွန်တော်တို့၏ အပြင်းပြ ဆုံးသော စိတ်ဆန္ဒတစ်ခုမှာ မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးလောကအား နိုင်ငံတကာမှ ယုံကြည်လက်ခံလာရုံသာမကဘဲ လုပ်ငန်း မိတ်ဖက်အနေနှင့်ခန့်ညာလေးစားမှုရှိသည့် အခြေအနေတစ်ရပ်ကိုပိုင်ဆိုင်နိုင်ဖို့ဖြစ်ပါသည်။

 

လေးစားစွာဖြင့်

 

ဇာလီဘစိန်

 

အမှုဆောင်အရာရှိချုပ်နဲ့ တည်ထောင်သူ

မြတ်ဆုမွန်ဆောက်လုပ်ရေး