ကျွန်တော်တို့ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည် အရည်အချင်းများအား မြှင့်တင်မှုမရှိဘဲအောင်မြင်မှု မရရှိနိုင်ခြင်းကို ယုံကြည်သည်နှင့်အညီ ကျွန်တော်တို့ဝန်ထမ်းတွေများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျွန်တော်တို့အလေးအနက်ထား ဆောင်ရွက်ပါသည်။ ဝန်ထမ်းများ၏အရည်အချင်းဖွံ့ဖြိုးတိုးတက်ရေးအား ဦးစားပေးလုပ်ငန်းအနေဖြင့် ထည့်သွင်း ဆောင်ရွက်နေပါသည်။ ကျွန်တော်တို့ ကုမ္ပဏီ၏ဝန်ထမ်းအရည်အချင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ခေါင်းဆောင်မှု၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှုနှင့် အဖွဲ့အစည်းစိတ်ဓာတ်ဟူသည့် နယ်ပယ်သုံးခုကိုအဓိကထားဆောင်ရွက် လျက်ရှိပါသည်။

ခေါင်းဆောင်မှုအရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကျွန်တော်တို့၏ စီမံခန့်ခွဲမှုအဖွဲ့အား ခေါင်းဆောင်မှုအရည် အသွေးမြှင့်တင်ခြင်းဆိုင်ရာသင်တန်းများကို ပေးအပ်ခဲ့ပါသည်။ ၎င်းသင်တန်းများတွင် ကျွန်တော်တို့၏ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးဆိုင်ရာအကြံပေး ဘော့ဘ်သွင်နောင်စိုးက အဓိက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ခေါင်းဆောင်မှု အရည်အသွေးဆိုင်ရာသင်တန်းကိုတစ်နှစ်တွင် ၂ ကြိမ်ပြုလုပ်လျက်ရှိပြီး လုပ်ငန်းခွင်အတွင်း ကြီးကြပ်သင်ကြားပြသခြင်းကို လည်း သင်တန်းအပြီးတွင် ဆက်လက်လုပ်ဆောင်ပါသည်။

လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှုနှင့် ပတ်သက်၍ ကျွန်တော်တို့၏လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့်ဝန်ထမ်းများ၊ အထူးသဖြင့် ဆောက်လုပ်ရေးနှင့်ပတ်သက်သည့်အဖွဲ့ကို ပုံမှန်သင်တန်းများ ပို့ချပေးပါသည်။ ထိုပို့ချခြင်းများသည်ကျွန်တော်တို့ လုပ်ကိုင်မှုများအား စွမ်းဆောင်ရည်မြင့်မားမှုကို ဆောင်ကျဉ်းလာနိုင်ဖိ့ုဖြစ်ပါသည်။ ကျွန်တော်တို့၏ လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုဆိုင်ရာစွမ်းဆောင်ရည်မြင့်မားမှုသည်တိုးတက် ပြောင်းလဲနေသည့်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် မည်မျှအရေးကြီးကြောင်းကို သင်တန်းတွင် အဓိကထားသင်ကြားပါသည်။

အဖွဲ့အစည်းလိုက်ပူးပေါင်းဆောင်ရွက်မှုသည် ကျွန်တော်တို့၏ပြိုင်ဘက်များနှင့်ပြိုင်ဆိုင်ခြင်းထက် ပိုမိုကောင်းမွန်သော လုပ်ဆောင်မှုဖြစ်သည်ဟု ကျွန်တော်တို့ရိုးရှင်းစွာယုံကြည်ပါသည်။ ထို့ကြောင့်အဖွဲ့အစည်းစိတ်ဓာတ်ခိုင်မာ အားကောင်း လာစေရန်တည်ဆောက်ခြင်းကို အလေးအနက်ထားပြီးဆောင်ရွက်နေပါသည်။

အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင်ရွက်မှု၏အရေးပါပုံကို သိရှိစေရန်အတွက် အဖွဲ့အစည်းစိတ်ဓာတ်တည်ဆောက်ခြင်း ဆိုင်ရာသင်တန်းများကို ဝန်ထမ်းများအတွက် နှစ်စဉ်နှစ်တိုင်း တစ်ကြိမ်စီ ပြုလုပ်ပေးနေခြင်းဖြစ်ပါသည်။