ဆောက်လုပ်ရေးဆိုင်ရာဝန်ဆောင်မှုအနေနှင့် အဓိကအားဖြင့် PAE (Plinth Area Estimation) ပစ္စည်း+လက်ခ ပုတ်ပြတ်စနစ်ဖြင့် ဆောက်လုပ်ခြင်း၊ မြေရှင်နှင့်ညှိနှိုင်းပြီး အကျိုးတူ ဆောက်လုပ်ခြင်း စသော ဝန်ဆောင်မှုများ ပြုလုပ်ပါသည်။  ကျွန်တော်တို့နှင့်လက်တွဲလုပ်ကိုင်သူများကြား အကောင်းမွန်ဆုံး အရည်အသွေးကိုသာပေးအပ် ဆောင်ကျဉ်းနိုင်ရန် ရည်မှန်းချက်ထားရှိပြီး လုပ်ကိုင်မှုနှင့်အညီဆောက်လုပ်ရေးပစ္စည်းများကို ရွေးချယ်သည့် အခါတွင်လည်း ဂရုတစိုက်ရွေးချယ်ခြင်းဖြင့် အမြင့်မားဆုံးသောအင်ဂျင်နီယာစံနှုန်းများအား ကျွန်တော်တို့၏ စိတ်နှလုံးတွင်တည်ဆောက် ထားပါသည်။ ထို့အပြင်ကျွန်တော် တို့၏ရိုးသားဖြောင့်မတ်မှုနှင့် လုပ်ဆောင်မှုတိုင်းတွင် ပွင့်လင်းမြင်သာ မှုရှိခြင်းတို့ကို အဓိကဦးစားပေးလုပ်ဆောင်ကြောင်း ဂုဏ်ယူစွာဖြင့်ဖော်ပြအပ်ပါသည်။

အရည်အသွေးပြည့်မီစေရေးအတွက် အကောင်းဆုံးသော လုပ်ထုံးလုပ်နည်းများကို သက်ရောက်စေမည့်တိကျ သေချာစေသည့်စနစ်များနှင့် စီမံကိန်းများ၏ အရည်အသွေးကိုစောင့်ကြည့်စစ်ဆေးရန်အတွက် အရည်အသွေးစီစစ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီးလုပ်ဆောင်ပါသည်။ စံချိန်ပြည့်မီသည့် အကောင်းမွန်ဆုံးသော လုပ်ထုံးလုပ်နည်းများကိုတိကျစွာလိုက်နာ ဆောင်ရွက်လျှက်ရှိသောကြောင့် လုပ်ငန်းအပ်နှံသူများအတွက်အကောင်းဆုံး အရည်အသွေးများကိုဆောင်ကျဉ်းပေးသည့် နေရာတွင် အဓိကအားသာချက်များဖြစ်သည်ဟု ကြေငြာနိုင်ပြီဖြစ်ပါသည်။


အခန်းပေး/ယူစနစ်

မြေရှင်နှင့် နှစ်ဦးနှစ်ဘက်၊ ကျေနပ်နားလည်မှု ညှိနှိုင်းရယူပြီး အဆောက်အအုံများကို အထပ်မျိုးစုံဆောက်လုပ်ပေးပါသည်။


PAE စနစ်

လုံးချင်းအိမ်၊ အထပ်မြင့်အိမ်။ စက်ရုံ၊ ဂိုဒေါင်၊ ဟော်တယ် တို့ကို ပုတ်ပြတ်စနစ်ဖြင့် တည်ဆောက်ပါသည်။