သာမာန်လူတစ်ဦးအတွက် အိမ်အသစ်ဝယ်ယူခြင်း၊ အိမ်အသစ်ဆောက်လုပ်ခြင်းဆိုသည်မှာ မကြာခဏကြုံတွေ့နေရ သည့်ကိစ္စမျိုးမဟုတ်ပါ။ လူအများအတွက်ဘဝတွင် တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်ခန့်လောက်သာ ကြုံတွေ့ရမည့် ကိစ္စရပ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းအပ်နှံသူများ၊ အိမ်ခန်းဝယ်ယူသူများ အပေါ်တွင်ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ရိုးသားဖြောင့်မတ်မှုရှိခြင်းကို အမှန်တကယ်အရေးကြီးလိုအပ်သည်ဟုထင်မြင်ခံ ယူမိပါသည်။

အိမ်ပုံစံထုတ်သည့်အချိန်မှစ၍ တည်ဆောက်ပြီးစီးသည့် အချိန်အထိပါဝင်သည့် ဆောက်လုပ်ရေးလုပ်ငန်းဖြစ်စဉ် များသည် သာမန်လူများအတွက် နားလည်ရန်ခက်ခဲသည့်အတွက် အလေးအနက်ထား ရှင်းလင်းတင်ပြခြင်းသည် ကျွန်တော် တို့၏ပထမဦးဆုံးသော ရိုးသားဖြောင့်မတ်မှုဖြစ်သည်ဟုခံယူထားပါသည်။

မြန်မာလူမျိုးများသည် နေအိမ်တစ်လုံးတည်ဆောက်ပြီးစီးသည်နှင့် တစ်သက်တာ စွဲစွဲမြဲမြဲအခြေချနေထိုင်ကြသလို သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေပေးတတ်ကြသည့်အလေ့အထလည်းရှိကြပါသည်။ ထို့ကြောင့်ကျွန်တော်တို့ အနေနှင့် အရည်အသွေးပြည့်မီကောင်းမွန်သည့် အိုးအိမ်များကို တည်ဆောက်ပေးနိုင်ခြင်းဖြင့် အရည်အသွေးကို ရှေ့တန်းတင်သည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ဖို့ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ ဆောက်လုပ်သည့် အိုးအိမ်အဆောက်အအုံမှန်သမျှအား ကတိပြုတန်ဖိုးထားသည့်စံနှုန်းများနှင့် ကိုက်ညီမှန်ကန်စွာ ဆောက်လုပ်ခြင်းသည် ကျွန်တော်တို့ မြတ်ဆုမွန်ဆောက်လုပ်ရေး၏ ဂုဏ်သိက္ခာဖြစ်သည်ဟုယုံကြည်ထားပါသည်။

ကျွန်တော်တို့၏အဖွဲ့အစည်း ဖွဲ့စည်းပုံသည် ဝင့်ကြွားထည်ဝါမှုထက် သိပ်သည်းကျစ်လစ်ပြီး စွမ်းအင်မြင့်မားသော အဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်နိုင်စေရန် ဦးတည်ထားခြင်းဖြစ်သည်ကိုတွေ့ရှိရမည်ဖြစ်ပါသည်။ ကျွန်တော်တို့၏ အပြင်းပြ ဆုံးသော စိတ်ဆန္ဒတစ်ခုမှာ မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးလောကအား နိုင်ငံတကာမှ ယုံကြည်လက်ခံလာရုံသာမကဘဲ လုပ်ငန်း မိတ်ဖက်အနေနှင့်ခန့်ညာလေးစားမှုရှိသည့် အခြေအနေတစ်ရပ်ကိုပိုင်ဆိုင်နိုင်ဖို့ဖြစ်ပါသည်။

 

လေးစားစွာဖြင့်

U Zarli Basein
ဇာလီဘစိန်

 

အမှုဆောင်အရာရှိချုပ်နဲ့ တည်ထောင်သူ

မြတ်ဆုမွန်ဆောက်လုပ်ရေး