မြတ်ဆုမွန်ဆောက်လုပ်ရေးသည် ဝန်ထမ်းတွေများအား စောင့်ရှောက်ခြင်း၊ လုပ်ငန်းလုပ်ကိုင်လျှက်ရှိသည့်ဒေသများ၏ ယဉ်ကျေးမှုထုံးစံများအား လေးစားလိုက်နာခြင်းနှင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသည့်လူ့အဖွဲ့အစည်းကို အကျိုးပြုခြင်း အစရှိသည်များကို ဆောင်ရွက်လျှက်ရှိသည့် တာဝန်သိစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အစဉ်အမြဲယုံကြည် ဆောင်ရွက်လျှက် ရှိပါသည်။ လူမှုတာဝန်သိလုပ်ငန်းများနှင့် ပတ်သက်၍ ကျွန်တော်တို့၏လုပ်ကိုင်နေသည့် အစီအစဉ်အများအပြားရှိသော်လည်း ခွဲခြားသတ်မှတ်ရမည်ဆိုလျှင် ယဉ်ကျေးမှု ဆိုင်ရာများ၊ ဝန်ထမ်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အလှူဒါနများ ဟူ၍အုပ်စုသုံးခုခွဲခြား သတ်မှတ်နိုင်ပါသည်။

ယဉ်ကျေးမှုထုံးတမ်း

ကျွန်တော်တို့သည် ပြည်တွင်းဈေးကွက်တွင် နှစ်အတော်ကြာ လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံ၏ ရိုးရာဓလေ့ထုံးစံယဉ်ကျေးမှုများကို လေးစားလိုက်နာသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ယုံကြည်ကိုးကွယ်မှု ယဉ်ကျေးမှုအရ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမစမီ ဆောက်လုပ်ရေးလုပ်ငန်းလုပ်မည့်နေရာတွင် သံဃာတော်များအား ပင့်ဖိတ်တရားနာယူခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး ဘေးဘယာကင်းကွာစေရန်အတွက် မြေသန့်မင်္ဂလာပြုလုပ်သည့် ရိုးရာယုံကြည်မှု တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ ဆောက်လုပ်သည့် လုပ်ငန်းမှန်သမျှအား  မြေသန့်မင်္ဂလာပြုလုပ်ခြင်း အစဉ်အလာအားအမြဲ ပြုလုပ်လေ့ရှိပါသည်။

အလှူဒါန

ကိုယ်ပိုင်လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် လူ့အဖွဲ့အစည်းအတွက် အိမ်နီးချင်းကောင်း တစ်ယောက်အဖြစ်ရပ် တည်ခြင်းသည် ကျွန်တော်တို့လိုမျိုးများ၏ တာဝန်သိစီးပွားရေးလုပ်ငန်းများအတွက်လုပ်ထုံးလုပ်နည်းကောင်းတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့သည် အလှူဒါနများပြုလုပ်ခြင်းဖြင့် လူ့အဖွဲ့အစည်းကိုတစ်ဖက်တစ်လမ်းမှပံ့ပိုးပေးနေပါသည်။ လှူဒါန်းမှုများထဲမှ အထင်ကရလှူဒါန်းမှုများမှာ –

အလှူလက်ခံရရှိသည့်အဖွဲ့အစည်း လှူဒါန်းမှု အကျိုးခံစားခွင့်ရရှိသူအရေအတွက်
မင်္ဂလာဒုံပညာမြေဘုန်းတော်ကြီးကျောင်း၊

အမှတ် ၃ လမ်းဆုံ၊ သင်္ဃန်းကျွန်းရပ်ကွက်၊ မင်္ဂလာဒုံ

 

အာဟာရ၊ အဝတ်အထည်၊ ငွေသားလှူဒါန်းမှု စုစုပေါင်း ၁၀၀၀

 

မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ် ကျပ်ဆယ်သိန်း ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက်
မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ် ၄၅ သိန်းကျပ် အိုင်အက်စ်အက်စ်အက်ဖ်ကမ္ဘာ့ဖလား ၂၀၁၄၊ ဘေဂျင်းပြိုင်ပွဲအတွက်
မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ် သိန်း ၃၀ ကျပ် ၃၈ ကြိမ်မြောက် အက်စ်အီးအေအက်စ်အေ ၂၀၁၄၊ စင်ကာပူပြိုင်ပွဲအတွက်

 

မင်္ဂလာဒုံပညာမြေဘုန်းတော်ကြီးကျောင်းအလှူ